မိုဘိုင်းဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ
မိုဘိုင်းဖုန်းတစ်လုံး ပါဝါနိုး ဖို့ အတွက် ဘယ်အိုင်စီတွေ ဘယ်လိုအလုပ်လုပ်ကြသလဲဆိုတာကို မျှဝေပါရစေ။ ခုနောက်ပိုင်းဖုန်းတွေဟာ ကွန်ပြူတာငယ်တစ်လုံးလိုပဲ ဖွဲ့ စည်းထားကြတယ်။ ဖုန်း တစ်လုံးပါဝါနိုးဖို့ အတွက် DC ဗို့ ကို Battery ကနေ က Power IC ဆီက ရယူပြီး Power IC ကမှ အခြား တခြားအိုင်စီတွေဆီကို ဗို့ ပေးသွင်းတယ်။ဖုန်းတစ်လုံး ပါဝါနိုးဖို့အတွတ် လိုအပ်တဲ့ အဓိကIC တွေ တစ်လုံးချင်းကိုဘာအလုပ်တွေလုပ်သလည်းဆိုတာကို အရင်ဆုံး ရှင်းပြပါ့မယ်။ (၁)EMMC (embedded Multi-Media Controller) (၂)RAM (Radom Access Memory) (၃)CPU (Central Processing Unit) Application Processorလို့ လည်း (၄)Power IC EMMC IC ဆိုတာ မိမိရဲ့ ဒေတာတွေ သီချင်းတွေ ဓာတ်ပုံတွေ ဗီဒီယိုတွေ နဲ့ ဖုန်းရဲ့OS Data တစ်ခုလုံးကို သိမ်းပေးထားတဲ့ IC ပါ Hard Disk တစ်လုံးနဲ့တူပါတယ် ။ RAM ဆိုတာ Radom Access Memory ဒေတာတွေကို ကြာရှည်မထိန်းသိမ်းနိုင်ဘူး ခဏတာ လက်ခံထိန်းသိမ်းတယ် ၁ စက္ကန့် ထက်နည်းငယ်သော အချိန်တို အတွင်း EMMC ထဲက မည်သည့်နေရာက မည်သည့်ဖိုင်မဆိုကိုမဆို လျှင်မြန်စွာ ကူးယူအလုပ်လုပ်ပေးနိုင်တယ် ။ CPU ဆိုတာကတော့ Central Processing Unit သူကတော့ ဖုန်းတစ်ခုလုံးရဲ့စန...